စည်းမျဉ်းစည်းကမ်းများ
mmEZshop စည်းမျဉ်းစည်းကမ်းများ
mmEZshop ကိုလာရောက်ကြည့်ရှုသူများ အသုံးပြုသူများအားလုံးကိုကျေးဇူးတင်ပါသည်။ ဤစည်းမျဉ်းစည်းကမ်းများမှာ ဤဝက်ဘ်ဆိုဒ်နှင့် ဝက်ဘ်ဆိုဒ်ခွဲများ၊ လက်အောက်ခံကုမ္ပဏီများ၊ အခြားမီဒီယာများနှင့်ပါတနာဝက်ဘ်ဆိုဒ်များအားလုံးတို့တွင် အကျုံးဝင်စေမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ဝက်ဆိုဒ်နှင့်ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် စည်းမျဉ်းစည်းကမ်းများကိုသဘောတူလက်ခံသည်ဟု သဘောပေါက်သက်ရောက်စေပါမည်။ အကယ်၍သဘောတူလက်ခံခြင်းမရှိပါက လူကြီးမင်းအနေဖြင့် mmEZshop၏ဝန်ဆောင်မှုများအသုံးပြုနေမှုမှချက်ခြင်းရပ်ဆိုင်းပြီး ကျွနု်ပ်တို့၏ သတင်းအချက်အလက်အသစ်များကို သင်၏အီးမေးလ်ကိုပေးပို့ရန် ဝန်ဆောင်မှုကို ရယူထားသူဖြစ်ပါက ထိုဝန်ဆောင်မှုကိုရပ်ဆိုင်းရန် ကျွနု်ပ်တို့ထံသို့အကြောင်းကြားရပါမည်။ ထိုသို့ပြုလုပ်ခြင်းမရှိပါက စည်းမျဉ်းစည်းကမ်းများကိုလက်ခံသည်ဟု သဘောသက်ရောက်စေမည်။
mmEZshop
mmEZshopသည် ပစ္စည်းများကိုဝယ်ယူပေးပြီး သယ်ယူပို့ဆောင်ပေးသော ဝန်ဆောင်မှုပေးသောလုပ်ငန်းဖြစ်၍ ပစ္စည်းဝယ်ယူမှုမှာ ရောင်းသူနှင့်ဝယ်သူကြားမှ သဘောတူလက်ခံမှုပေါ်မူတည်ဖြစ်ပေါ်စေမည်။ ဝယ်ယူသူ၏ဝယ်ယူရန်ဆုံးဖြတ်ချက်များတွင် ကျွန်ုပ်တို့ပါဝင်စွက်ဖက်ခြင်းအလျင်းမရှိပါ။
ရောင်းသူများမှတင်သောပစ္စည်းများ၏အရည်အသွေး, လုံခြုံမှု , တရားဝင်မှု နှင့်တကွ ပစ္စည်း၏ရရှိနိုင်မှုပေါ်တွင်၎င်း ဝယ်ယူသူများအတွက်ဝယ်ယူပေးခြင်းတွင်၎င်း ရောင်းသူများ၏အော်ဒါများကို သတ်မှတ်ရက်အတွင်းပေးပို့မှုတွင်၎င်း ဝယ်သူများအော်ဒါပြီးစီးအောင်တင်သွင်းမှုများကို ဝင်ရောက်စွက်ဖက်နိုင်ခွင့်မရှိပါ။
၁. အသုံးပြုသူသဘောတူညီချက်များကိုဖြည့်စွက်ခြင်း
ကျွန်ုပ်တို့သည်အခါအားလျော်စွာ အသစ်ဖြည့်စွက်ထားသောအသုံးပြုသူသဘောတူညီချက်များကို ဝက်ဆိုဒ်တွင်ဖြည့်စွက်ပြင်ဆင်ပါမည်ဖြစ်သောကြောင့် အမြဲတမ်းသေချာစွာဖတ်ရှုပါရန်တိုက်တွန်းလိုပါသည်။ ကျွနု်ပ်တို့၏ဝန်ဆောင်မှုကိုအသုံးပြုခြင်းဖြင့် ပြင်ဆင်ဖြည့်စွက်မှုများအားလုံးသည် သင့်အားအကျုံးဝင်စေမည်ဖြစ်ပါသည်။ စည်းမျဉ်းစည်းကမ်းများ၊ ပေါ်လစီများ နှင့် အထူးလျော့ဈေးများကို လိုအပ်ပါက ပြင်ဆင်မည်ဖြစ်ပါသည်။
၂. ဝန်ဆောင်မှု အကြောင်းအရာများ
mmEZshop သည် တတိယပါတီရောင်းသူများ၏ ပစ္စည်းများကို ဝက်ဆိုဒ်မှတဆင့် အလွယ်တကူဝယ်ယူနိုင်ရန် ဝန်ဆောင်မှုပေးသောလုပ်ငန်းဖြစ်ပါသည်။ ငွေပေးချေခြင်းနှင့်ရောင်းဝယ်မှုများမှာ ကျွနု်ပ်တို့၏ ဝက်ဆိုဒ်တွင်ဖြစ်ပွားသော်လည်း ဝယ်ယူမှု၏တရားဝင်အတည်ပြုမှူမှာ အမှန်တကယ်ရောင်းသူနှင့်ဝယ်သူကြားတွင်သာတရားဝင်တည်စေသည်။ ထို့ကြောင့် ပစ္စည်း၏အရည်အသွေး နှင့် ရောင်းသူ၏ဖော်ပြချက်များကိုက်ညီမှုရှိမရှိသည် ကျွနု်ပ်တို့ထိန်းချုပ်နိုင်ခြင်းမရှိပဲ ရောင်းသူ၏တာဝန်သာဖြစ်ပါသည်။ mmezshop ၏ဝန်ဆောင်မှုကိုသုံးစွဲခြင်းဖြင့် ဝန်ဆောင်မှုအကြောင်းအရာများကိုနားလည်လက်ခံသည်ဟု လူကြီးမင်းမှသဘောတူပါသည်။ လူကြီးမင်းအနေဖြင့် သွင်းကုန်ထုတ်ကုန် အခွန်၊ ဂျူတီ၊ ပါမစ်၊ အခြားလိုအပ်သောဝန်ဆောင်မှုအခွန်အခ သို့ ပစ္စည်းသွင်းခြင်းအတွက်တောင်းဆိုသောစာရွက်စာတန်းများ၊ သို့ဆုံးရှုံးနစ်နာမှု သို့ သင်၏ပစ္စည်းကိုပို့ဆောင်မှုကြောင့်ကုန်ကျသောအပိုကုန်ကျငွေများကိုပေးဆောင်ရန်သဘောတူလက်ခံပါသည်။
၃. အခြားမူဝါဒများနှင့်သဘောတူညီမှုများ
a. လုံခြုံရေးဆိုင်ရာမူဝါဒအပြင် အောက်ဖော်ပြပါမူဝါဒများသည်လည်း ကျွနု်ပ်တို့၏ဝန်ဆောင်မှုကိုသုံးစွဲခြင်းတွင်အကျုံးဝင်ပါသည်။ ဝန်ဆောင်မှုကိုသုံးခြင်းဖြင့် အောက်ဖော်ပြပါမူဝါဒ ပေါ်လစီများကိုသဘောတူလက်ခံပါသည်။
b. အချို့သောဝန်ဆောင်မှုများအတွက် ယခုဖော်ပြပါ မူဝါဒများအပြင်အပိုဆောင်းမူဝါဒများကိုလည်း ချမှတ်ခြင်းရှိကြောင်းကိုနားလည်လက်ခံပါသည်။
၄. mmezshop.com ဝက်ဆိုဒ်တွင်ပြသထားသောပစ္စည်းများ
mmezshop.com ဝက်ဆိုဒ်တွင်ပြသထားသောပစ္စည်းများအားလုံးသည် Taobao/Tmall ဝက်ဆိုက်ဒ်များမှ ရောင်းသူများ၏ပစ္စည်းများကိုတိုက်ရိုက်ပြသထားခြင်းဖြစ်သောကြောင့် ပစ္စည်းများမှာကျွနု်ပ်တို့မှ ထုတ်လုပ်ခြင်း ၊ ဝယ်ယူပြီးတဆင့်ပြန်လည်ရောင်းချခြင်း သို့ ကျွနု်ပ်တို့မှထောက်ခံမှုပေးခြင်း စသည်ဖြင့် မရှိပါ။ လူကြီးမင်းအနေဖြင့် ဝယ်ယူရန်အော်ဒါတင်ချိန်တွင် မိမိဝယ်ယူမည့်/သည့်ပစ္စည်းများအား သေချာစွာစီစစ်၍နားလည်လက်ခံပြီးဖြစ်သည်ဟု သဘောတူလက်ခံပါသည်။ ထို့ကြောင့် ဝယ်ယူပြီးချိန်တွင် ပစ္စည်းနှင့်ပတ်သတ်သော သတင်းအချက်အလက်များကို နားလည်မှုလွဲခြင်း သို့ ဈေးနှုန်းများကိုမှားယွင်းဖတ်ရှုမိခြင်းစသည်ဖြင့် နောက်ဆက်တွဲပြသနာများဖြစ်ပွားပါက လူကြီးမင်း၏တာဝန်ဖြစ်ပါသည်ဟု သဘောတူလက်ခံပါသည်။
အများအားဖြင့် ဖော်ပြသောအချက်အလက်များမှာမှန်ကန်သော်လည်း အကယ်၍ မှားယွင်းဖော်ပြချက်များ သတ်ပုံအမှားများ ဈေးဖော်ပြချက်ကွာဟချက်များရှိပါက လူကြီးမင်းထံသို့ သိသိခြင်းအကြောင်းကြားပြီး လူကြီးမင်းအနေဖြင့် ဈေးနှုန်းအသစ်ကိုသဘောတူ၍သော်လည်းကောင်း သို့ အော်ဒါကိုရုတ်သိမ်းခြင်းတို့ကိုပြုလုပ်ခွင့်ပြုပါမည်။ အကယ်၍ရောင်းသူမှအကြောင်းအမျိုးမျိုးကြောင့် အော်ဒါကိုဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိပါက အော်ဒါကိုဖျတ်သိမ်းပြီး ငွေပြန်အမ်းပါမည်။
အော်ဒါနှင့်ပတ်သတ်၍ပြောင်းလဲမှုတစ်စုံတစ်ရာပြုလုပ်လိုပါက ရောင်းသူကိုအကြောင်းကြားပေးရန် mmEZshopကိုဆက်သွယ်နိုင်ပါသည်။
ကျွနု်ပ်တို့ ဝက်ဆိုက်ဒ်ပေါ်တွင်ရောင်းသူများမှတင်ထားသောပစ္စည်းများအားလုံးသည် ပြထားသည့်အရေအတွက်အတိုင်းရောင်းရန်ကျန်ရှိနေသေးသည် သို့ မြန်မာပြည်သို့တင်သွင်းခွင့်ရှိသည်ဟု ယူဆ၍မရနိုင်ပါ။ ဖော်ပြပါအကြောင်းအရာတစ်ခုခုနှင့်အကြုံးဝင်ပါက ကျွနု်ပ်တို့အနေဖြင့်အော်ဒါကိုဖျတ်သိမ်းခြင်း နှင့် ထိုပစ္စည်းများကိုရောင်းချခွင့်ပိတ်ပင်မည်ဖြစ်ကြောင်းကို လူကြီးမင်းအနေဖြင့် နားလည်လက်ခံသဘောတူပါသည်။
လူကြီးမင်းတို့တင်လိုက်သော အော်ဒါပစ္စည်းများမှာ သွင်းခွင့်နှင့်မညီညွတ်သောအကြောင်းတစ်ခုခုနှင့်ငြိစွန်းနေပါက (ဥပမာ: တားမြစ်ပစ္စည်း သို့ တားမြစ်ထားသော အလျား အနံ အမြင့် နှင့် အလေးချိန် သို့ နိုင်ငံတကာ အမှတ်တံဆိပ်အတုများ စသည်ဖြင့်) ကျွနု်ပ်တို့အနေဖြင့် ထိုအော်ဒါကိုပြောင်းလဲခြင်း သို့ ဖျတ်သိမ်းခြင်းပြုလုပ်မည်ကိုသဘောတူလက်ခံပါသည်။
၆. ရောင်းချပြီးနောက်ဝန်ဆောင်မှု
ရောင်းချပြီးနောက် ပြသနာတစ်စုံတစ်ရာကြုံပါက mmezshop account သို့ admin@mmezshop.com သို့ အီးမေးလ်ပို့၍အကြောင်းကြားစုံစမ်းနိုင်ပါသည်။ သင်၏စုံစမ်းအကြောင်းကြားလွှာကို ၃ရက်မှ၅ရက်အတွင်း ပြန်လည်ဖြေကြားပေးပါမည်။ ကျေးဇူးပြု၍ ကျွနု်ပ်တို့၏ ငွေပြန်အမ်းသော ပေါ်လစီကိုလည်း အီးမေးလ်မပို့မှီ ဖတ်ရှုပေးပါရန်မေတ္တာရပ်ခံပါသည်။
၇. ဖျက်သိမ်းခြင်း, ပြန်ပို့ခြင်း နှင့် ငွေပြန်အမ်းခြင်း
က. ဖျက်သိမ်းခြင်း လုပ်ငန်းစဉ်
အကယ်၍ရောင်းသူမှ အော်ဒါကိုပို့ဆောင်သည့်လုပ်ငန်းစဉ်ဆောင်ရွက်နေဆဲဟု အော်ဒါ၏လက်ရှိအခြေအနေတွင်ပြသနေပါက သင်၏အော်ဒါကို ဖျက်သိမ်းရန် တောင်းဆိုနိုင်ပါသည်။ သို့သော်လည်း အော်ဒါအားလက်ရှိတွင်ဆောင်ရွက်ပြီးနေပါပြီဟုပြနေပါက ဖျက်သိမ်းခြင်းကြောင့်ဆုံးရှုံးမှုကိုလူကြီးမင်းမှပေးဆောင်ရပါမည်။
ခ. ပြန်ပို့သော လုပ်ငန်းစဉ်
အကယ်၍သင်ရရှိသောပစ္စည်းမှာ မှားယွင်းနေပါက သို့ ပျက်စီးနေပါက ကျွနု်ပ်တို့ Customer Service Team သို့ သင်၏ပါဆယ် ID, သင်၏ အကောင့်ဖွင့်ထားသောအမည်, ပစ္စည်း၏ဓါတ်ပုံ နှင့် အချက်အလက်များ, ပြန်ပို့ရခြင်းအကြောင်းအရင်း နှင့်တကွ သင်သည်ပြန်လိုချင်သည်မှာ ပြန်အမ်းငွေ သို့ပစ္စည်းဖြစ်သည်ကိုရွေးချယ်ပေးပို့ရပါမည်။ ကျွနု်ပ်တို့၏ Customer Service Team လိုအပ်သောစစ်ဆေးမှုများပြုလုပ်ပြီး ပြန်အကြောင်းကြားပါမည်။
ဂ. ငွေပြန်အမ်းသော လုပ်ငန်းစဉ်
ပြန်အပ်သောလုပ်ငန်းစဉ်ပြီးသွားပါ, သင့်ထံသို့ငွေပြန်လွှဲပေးရန် ဆက်သွယ်ပါမည်။ အသေးစိတ်ကိုတော့ Refund Policy ရှိသော http://www.mmezshop.com/policy တွင်သေချာစွာဖတ်ရှုနိုင်ပါသည်။
၈. သိုလှောင်ထားရှိခွင့် နှင့် ဖျတ်သိမ်းမှုမူဝါဒ
ကျေးဇူးပြု၍ သိုလှောင်ထားရှိခွင့်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို သိုလှောင်မှုပေါ်လစီ http://www.mmezshop.com/policy တွင်သေချာစွာဖတ်ရှုပေးပါ။
၉. စာလုံးပေါင်းအမှားများ မှားယွင်းမှုများ နှင့် ပျက်ကွက်မှုများ
Mmezshopတွင်ပြသထားသော ပစ္စည်းများသည်ရောင်းသူများမှ တိုက်ရိုက်ထည့်သွင်းခြင်းဖြစ်သောကြောင့် အခါအားလျော်စွာ ပြသထားသောအချက်အလက်မှားယွင်းမှုများ ဥပမာ ပစ္စည်းအချက်အလက်များ၊ တန်ဖိုးငွေ၊ လျော့ဈေးနှင့်ဆိုင်သောအကြောင်းအရာများ၊ ပစ္စည်းသယ်ယူပို့ဆောင်ခများ၊ သယ်ယူပို့ဆောင်မှုကြာချိန် နှင့် ပစ္စည်းလက်ကျန်ရှိ/မရှိစသည်ဖြင့် ရှိနိုင်ပါသည်။ ထို့ကြောင့် ကျွနု်ပ်တို့သည် တစ်ခုခုအမှားအယွင်းရှိပါက မှန်ကန်သောအချက်အလက်ကိုပြန်လည်ပြင်ဆင်ကာ အော်ဒါများကိုလည်းလိုအပ်ပါကဖျတ်သိမ်းပါမည်ကို လူကြီးမင်းအနေနှင့်သဘောတူနားလည်ပါသည်။ ထိုသို့အချက်အလက်များကိုပြင်ဆင်မှုတွင် ပြင်ဆင်သည့်ရက်ဆွဲများကိုဖော်ပြထားခြင်းရှိမည်မဟုတ်ပါ။ အကယ်၍ဥပဒေအရလိုအပ်လျှင်တော့ပြသပါမည်။
၁၀. အမှတ်တံဆိပ်နှင့်မူပိုင်ခွင့်
www.mmezshop.com ၏ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအခွင့်အရေးဖြစ်သော အမှတ်တံဆိပ် ဝက်ဆိုဒ်ဒီဇိုင်း စာသား ဂရပ်ဖစ် ဆော့ဝဲလ် ဓါတ်ပုံ ဗွီဒီယို သီချင်း , ဆော့ဝဲလ် compilations, နောက်ခံ source code များကို မူပိုင်ခွင့်အောက်တွင်ရှိပါသည်။ ဝက်ဆိုဒ်တစ်ခုလုံးကို မြန်မာနိုင်ငံ၏မူပိုင်ခွင့်ဆိုင်ရာဥပဒေများနှင့်ကာကွယ်ထားသည်။
၁၁. သုံးစွဲခွင့်မှရပ်ဆိုင်းခြင်း
လူကြီးမင်းအနေဖြင့် စည်းမျည်းစည်းကမ်းများကိုဖောက်ဖျက်ပါက mmEZshop ဝက်ဆိုက်ဒ်တစ်ခုလုံးကိုသော်လည်းကောင်း တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်းသုံးစွဲခွင့်မှရပ်ဆိုင်းခြင်းကို အကြောင်းကြား၍ဖြစ်စေ အကြောင်းမကြား၍ဖြစ်စေ ခံရမည်ကို ကောင်းစွာလက်ခံသဘောတူပါသည်။ မည်သည့် မသင်္ကာဖွယ်ရာအပြုအမူများ အကြမ်းဖက်မှုများ သို့ တရားမဝင်အပြုအမူများကိုမဆိုပြုမူပါက ကျွနု်ပ်တို့၏ ဝန်ဆောင်မှုများသုံးစွဲခွင့်ကိုခွင့်ပြုတော့မည်မဟုတ်ပါ။ သင်၏ ဤဝက်ဘ်ဆိုဒ်အားအသုံးပြုခွင့်ကို ကျွနု်ပ်တို့ဘက်မှ ကြိုတင်အသိပေးခြင်းတစ်စုံတရာမရှိဘဲ ပယ်ဖျက်နိုင်ခွင့် ရှိသည်။
သုံးစွဲခွင့်ရပ်ဆိုင်းပြီးနောက် ,မည်သည့်အကြောင်းကြောင့်ဖြစ်စေ, မည်သည့်ဝန်ဆောင်မှုကိုမဆို သုံးစွဲခွင့်ကိုချက်ခြင်းဖျက်သိမ်းမည်ဖြစ်ပြီး လူကြီးမင်း၏အကောင့် နှင့်သက်ဆိုင်ရာ အချက်အလက်များအားလုံးကို ဆိုက်မှချက်ခြင်းဖျက်သိမ်းဖယ်ရှားမည်ဖြစ်သည်ကိုနားလည်သဘောတူပါသည်။ ထိုဖျက်သိမ်းမှု၏ နောက်ဆက်တွဲပြသနာများဖြစ်ပေါ်လာပါက ကျွနု်ပ်တို့အနေဖြင့်တာဝန်မယူပါ။ ထိုအကြောင်းအရာကိုလည်းလူကြီးမင်းမှသဘောတူလက်ခံပါသည်။ အကယ်၍ ယခုဖော်ပြသော စည်းမျဉ်းစည်းကမ်းများကို သဘောတူလက်ခံခြင်းမရှိပါက ကျွနု်ပ်တို့ဝန်ဆောင်မှုကိုဆက်လက်အသုံးမပြုပဲရပ်တန့်နိုင်ပါသည်။
၁၂.သက်ဆိုင်ရာဥပဒေနှင့်စီရင်ပိုင်ခွင့်
ဤစည်းမျဉ်းစည်းကမ်းများကို မြန်မာနိုင်ငံ၏ စည်းမျဉ်းဥပဒေများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။