ဘယ်လိုဝယ်ရမည်နည်း?
စိတ်ချယုံကြည်စွာဝယ်ယူဖို့ ကျွန်ုပ်တို့ရှိပါတယ်!
1. ပစ္စည်းတွေကိုရှာဖွေမယ်
2. ဈေးဝယ်ခြင်းထဲထည့်မယ်
3.ငွေရှင်းထွက်ခွာဖို့မိမိ၏အကောင့်ကိုဝင်မယ်
4. သယ်ယူပို့ဆောင်မှု
5.ငွေပေးချေမည်
6. ဝယ်ယူမှုပြီးစီးပါပြီ
Step 1: ပစ္စည်းကို ရှာဖွေ/ရွေးချယ်
သင်ရှာဖွေလိုသောပစ္စည်းကို ထိုပစ္စည်းရှိမည့် ခွဲခြားထားသောအမျိုးအစားထဲတွင် သို့ ရှာဖွေရန်အကွက်ထဲရိုက်ထည့်ပြီးရှာပါ။ ရှာဖွေရန်နည်းလမ်းနှစ်မျိုးရှိပါသည်။
၁. www.mmezshop.com တွင်ရှာဖွေနိုင်ပါသည်။

သို့မဟုတ်
၂. www.taobao.com တွင်ဝယ်လိုသည့်ပစ္စည်းကို ရှာဖွေပြီးmmEzshop တွင်ဝယ်ယူနိုင်ပါသည်။ အသေးစိတ်ဝယ်ယူနည်းကိုတော့ နောက်ဆုံးအဆင့်တွင်ကြည့်ရှုပါ။
Step 2: ဈေးဝယ်လှည်းအတွင်းသို့ထည့်ပါ
မိမိကြိုက်တဲ့ပစ္စည်း၏ အရောင်နှင့် ဆိုဒ်အရွယ်အစားရွေးပါ။ ဆိုဒ်ကိုမသေချာပါကဆိုဒ်ဇယား တွင်ကြည့်ရှုနိုင်ပါသည်။
ထို့နောက် "ဈေးဝယ်လှည်းအတွင်းသို့ထည့်ပါ"ဆိုသောခလုတ်ကိုနှိပ်ပြီး ဈေးဝယ်လှည်းအတွင်းသို့မိမိဝယ်ယူလိုသောပစ္စည်းကို ထည့်သွင်းပါ။

Step 3:ငွေရှင်းထွက်ခွာရန် နှင့် မိမိအကောင့်သို့ဝင်ရန်
အကယ်၍ ငွေရှင်းထွက်ခွာလိုပါက ဈေးဝယ်လှည်း icon လေးကိုနှိပ်လိုက်ပါ။ ပြီးနောက် ငွေရှင်းထွက်ခွာမည်ကိုနှိပ်ပါ။

သင်သည် လက်ရှိတွင် အကောင့်ဖွင့်ထားသူဖြစ်ပါက “လက်ရှိတွင်အကောင့်ဖွင့်ထားသူ” ကိုရွေးပြီး သင်၏အကောင့်သို့ဝင်ပါ။

သင်၏ပထမဆုံးအကြိမ်ဝယ်ယူမှုဖြစ်ပါက သင်၏ Facebook အကောင့်မှတဆင့် သို့ mmEZshop တွင် အကောင့်သစ်ဖွင့်ခြင်းဖြင့် ဆက်လက်ဝယ်ယူရပါမည်။ သင်၏လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်းနံပတ်ကို မှန်ကန်စွာထည့်သွင်းရန်လိုအပ်ပါသည်။

Step 4: သယ်ယူပို့ဆောင်မှု
ခန့်မှန်းခြေသယ်ယူပို့ဆောင်ခကို ကြည့်ရှုနိုင်ပါသည်။ အမှန်တကယ် ပစ္စည်း၏အလေးချိန်မှာ ကျွနု်ပ်တို့၏တရုတ်ပြည်ရှိ ဂိုဒေါင်ကိုပစ္စည်းရောက်ရှိချိန်မှသာသိရှိနိုင်သဖြင့် ပြည်ပမှသယ်ယူပို့ဆောင်ခကို ငွေပေးချေမှုဒုတိယအကြိမ်ပစ္စည်းရရှိချိန်တွင် ပေးဆောင်ရပါမည်။
ပစ္စည်းရရှိချိန်တွင် ပြည်ပသယ်ယူပို့ဆောင်ခနှင့် အိမ်အရောက်ပို့ဆောင်ခကိုပေးဆောင်ရပါမည်။ အကယ်၍ mmezshop၏ရန်ကုန်ရုံးတွင်လာရောက် သယ်ယူပါက ပြည်ပပို့ဆောင်ခသာပေးရန်လိုအပ်ပါသည်။
ပထမအကြိမ်ငွေပေးချေမှုတွင်တော့ ပစ္စည်းတန်ဖိုးနှင့် ကျွနု်ပ်တို့၏ ဝန်ဆောင်ခသာပေးချေရန်လိုအပ်ပါသည်။

Step 5: ငွေပေးချေမှု
လက်ရှိတွင် ဘဏ်မှငွေလွှဲ၍ပေးဆောင်မှုသာ လက်ခံနိုင်ပါသည်။
စည်းမျဉ်းစည်းကမ်းများကိုသေချာစွာဖတ်ရှု၍ လက်ခံနိုင်ပါက ရွေးချယ်ရပါမည်။ ထို့နောက် အော်ဒါတင်မည် ကိုနှိပ်ပါ။ သင့်ထံသို့ အီးမေးလ်ရရှိပါမည်။
Step 6: ဝယ်ယူမှုပြီးစီးပါပြီ
ဝယ်ယူမှုကိုပြီးစီးရန် ဘဏ်မှငွေလွှဲပြီးနောက် ကျွနု်ပ်တို့ထံသို့ Viber နံပတ် ၀၉၇၇၀၈၈၈၉၉၀ သို့ဖြစ်စေ admin@mmezshop.com သို့အီးမေးလ်ပို့၍ဖြစ်စေ သင်ငွေပေးချေသော စာရွက် သို့ ဖုန်းဖြင့်လွှဲလျင်ဖုန်း screenshot ကိုဓါတ်ပုံရိုက်ပြီး ပေးပို့ရပါမည်။ လက်ရှိတွင် AYA , KBZ နှင့် CB ဘဏ်များသို့ပေးပို့နိုင်ပါသည်။

ထိုပစ္စည်း၏ link ကို ကော်ပီကူး၍ www.mmezshop.com ၏ရှာဖွေရန် နေရာတွင်ရိုက်ထည့်ပါ။


သင်လိုချင်သောပစ္စည်းပေါ်လာပါလိမ့်မည်။ ဝယ်ယူရန်အပေါ်တွင်ပြထားသော လမ်းညွှန်မှုအတိုင်းဆက်လက်ဆောင်ရွက်ပါ။
