Menu
Menu
Your Cart

ပေါ်လစီ မူဝါဒများ

သိုလှောင်မှုပေါ်လစီ

 

>>  ပြည်ပသိုလှောင်ဂိုဒေါင်တွင်ရောက်ရှိလာသော ပစ္စည်းများကို စစ်ဆေးမှုများပြုလုပ်၍ ပြန်လည်ထုတ်ပိုးပြီး မြန်မာပြည်ဂိုဒေါင်သို့သယ်ယူပို့ဆောင်ပါသည်။       


>> ပြည်တွင်းသိုလှောင်ဂိုဒေါင်    

 

ကျွနု်ပ်တို့၏ ရန်ကုန်မြို့ဂိုဒေါင်တွင် ၁၀ ကီလိုအောက်ပစ္စည်းများကို အခမဲ့ ၁၄ရက်ထားခွင့်ပေးပါမည်။ သတ်မှတ်ရက်ကျော်လွန်သည်အထိ လာရောက်ရွေးယူခြင်းမရှိသောပစ္စည်းများကိုမူ တစ်ရက်ကို ၁ကီလိုတိုင်းအတွက် ၂၀၀ကျပ်ကျခံမည်ဖြစ်သည်။

 

>> စွန့်ပစ်ခြင်း

 

အကယ်၍ရက်၂၀ကျော်သည့်တိုင်လာရောက်အရွေးယူသောပစ္စည်းများကို စွန့်ပစ်ပစ္စည်းအဖြစ်သတ်မှတ်ပြီး အကြောင်းကြား၍သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် အကြောင်းမကြားနိုင်၍သော်လည်းကောင်း စွန့်ပစ်ပါမည်။ မိမိကိုယ်တိုင်လာရောက်ထုတ်ယူမည်ဟု အကြောင်းကြားထားသောပစ္စည်းများကို သင်၏ပစ္စည်းရောက်ရှိချိန်တွင် ဆက်သွယ်အကြောင်းကြားပါမည်။ ထို့ကြောင့် လူကြီးမင်းတို့၏ပစ္စည်းများကို စွန့်ပစ်ပစ္စည်းအဖြစ်သတ်မှတ်ခြင်းမခံရလေအောင် အမှန်တကယ်ဆက်သွယ်၍ရသော လက်ရှိအသုံးပြုနေသော ဆက်သွယ်ရန်ဖုန်းနံပတ်ကိုပေးရန် အရေးကြီးပါသည်။

 

ငွေပြန်အမ်းရန် ပေါ်လစီ

 လမ်းခရီးတွင်သယ်ယူပို့ဆောင်ချိန်အတွင်း ပစ္စည်းတစ်စုံတစ်ရာထိခိုက်မှု/ပျောက်ဆုံးမှူရှိပါက တန်ဖိုးငွေကျပ် ၂၀၀,၀၀၀ အောက်ပစ္စည်းများကို shipping fee ၏ ၃ ဆ သို့ ပစ္စည်းတန်ဖိုးအတိုင်း ပေးလျော်မည်ဖြစ်ပြီး အမြင့်ဆုံးလျော်ကြေးငွေမှာ ၂၀၀,၀၀၀ ကျပ်ဖြစ်ပါသည်။

သဘာဝဘေးအန္တရာယ် အစိုးရပေါ်လစီ Custom ဖွင့်ဖောက် စစ်‌ဆေးခြင်း သို့ ရန်သူမျိုးငါးပါးကြောင့်ဖြစ်ပွါးသောပျက်စီးဆုံးရှုံးမှုကို ပြန်လည်ပေးလျော်မည်မဟုတ်ပါ။

ပစ္စည်းတန်ဖိုးကျပ် ၂၀၀,၀၀၀ နှင့်အထက်ပစ္စည်းများကို အာမခံဝယ်ယူရန် အထူးအကြံပြုပြီး အာမခံဝယ်ယူပါကတန်ဖိုးငွေအတိုင်းပေးလျော်ပါမည်။ အာမခံကြေးမှာ ပစ္စည်းအမျိုးအစားပေါ်မူတည်၍ 5%-10% ဖြစ်ပါသည်။

ကျွန်ုပ်တို့၏သိုလှောင်ရုံတွင် ပစ္စည်းများကို အထူးစစ်ဆေးပြီး လိုအပ်လျှင်ရောင်းသူထံသို့ဆက်သွယ်ကာ ဆောင်ရွက်စရာကိစ္စအဝဝကိုရှင်းလင်းဆောင်ရွက်ပါမည်။ ပစ္စည်းများ လွှဲချော်မှု၊ ချို့ယွင်းမှုများ၏၉၀%ကျော်ကိုစစ်ဆေးတွေ့ရှိနိုင်မည်ဟု ယုံကြည်မှုရှိပါသည်။သို့သော်လည်း ကျွန်ုပ်တို့စစ်ဆေးစဉ် လွှဲချော်သွားသော သယ်ယူစဉ်ပျက်စီးသွားသောပစ္စည်းများကိုစိတ်အေးချမ်းသာစွာပြန်လဲလှယ်နိုင်အောင်ဆောင်ရွက်ပေးသော အာမခံချက်ရှိပါသည်။ကျွန်ုပ်တို့၏အာမခံပေါ်လစီဖြစ်သော သယ်ယူပို့ဆောင်သောလမ်းခရီးအတွင်းပျက်စီးမှု သို့ တရုတ်ပြည်မှဝယ်ယူစဥ်မှားယွင်းမှုကြောင့် ပွားပါက လျော်ကြေးငွေ သို့ ပစ္စည်းအစားထိုးခြင်းကိုဆောင်ရွက်ပေးပါမည်။ ကျေးဇူးပြု၍သတိပြုရန်မှာ ရောင်းသူမှပစ္စည်းများမှားယွင်းပို့ဆောင်ခြင်း (discrepancies) မှန်းထားသောအရည်အသွေးအတိုင်းမကောင်းခြင်း(quality), အံဝင်ခွင်ကျမဖြစ်ခြင်း(compatibility), နှင့် လုပ်ဆောင်ချက်မကောင်းခြင်း(functionality) တို့အတွက်တော့အာမခံမပေးပါ။ ကျေးဇူးပြုပြီး  စစ်ဆေးမှုတွင်ပါဝင်သောအချက်များကိုသေချာစွာဖတ်ရှုပေးပါ။ ရောင်းသူမှပစ္စည်းမှားယွင်းပို့ဆောင်လာပါက mmEZshop မှတင်ထားသော အော်ဒါပါအချက်အလက်များသည် လူကြီးမင်းအော်ဒါနှင့်ကိုက်ညီမှုရှိမရှိပွင့်လင်းမြင်သာစွာစစ်ဆေးပေးပါမည်။ ကျွန်ုပ်တို့၏မှားယွင်းမှုကြောင့်ဖြစ်ပါက 100% တာဝန်ယူမည်ပါသည်။ ထိုသို့မဟုတ်ပါက ‌ငွေပြန်အမ်းရန်ပေါ်လစီတွင်အကျုံးမဝင်ပါ။


အကယ်၍လူကြီးမင်း၏ပစ္စည်း၏မှားယွင်းမှာ စစ်ဆေးမှုတွင်ပါဝင်သောအချက်များအတွင်းပါဝင်ပါက Viber သို့ Facebook massenger တွင်ဖြစ်စေ admin@mmezshop.comသို့အီးမေးလ်ပို့၍ဖြစ်စေဆက်သွယ်အကြောင်းကြားနိုင်ပါသည်။ သက်ဆိုင်ရာရောင်းသူနှင့်ဆက်သွယ်၍ လူကြီးမင်းထံသို့ ၃ရက်မှ၅ရက်အတွင်းပြန်လည်အကြောင်းကြားပါမည်။ ပစ္စည်းကိုလက်ဝယ်ရရှိပြီးချိန်မှ ၃ရက်အတွင်းအကြောင်းကြားခြင်းမရှိပါက ပစ္စည်းမှန်ကန်ကောင်းမွန်သည်ဟုယူဆပါသည်။ ထို့နောက်မှပေးပို့သောအကြောင်းကြားစာများကိုတော့လက်ခံမည်မဟုတ်ပါ။ အထက်ဖော်ပြပါအခြေအနေအတွက် လျော်ကြေးမှာ ပျက်စီးမှုပေါ်မူတည်၍ကွဲပြားပါသည်။ ပြန်လည်ပေးပို့ရန်လက်ခံသောပစ္စည်းအတွက် ပြန်လည်ပေးပို့ရန်နံပတ်ကိုထုတ်ပေးပါမည်။ထိုနံပတ်နှင့်တကွ ပစ္စည်းကိုပြန်ပို့ပေးရမည်ဖြစ်ပါသည်။ ထိုနံပတ်၏သက်တမ်းမှာထုတ်ပေးသည့်ရက်မှ ၂ပတ်အတွင်းဖြစ်ပါသည်။

mmEZshopသည်ပြည်ပမှ ပစ္စည်းများကိုသင့်ကိုယ်စားဝယ်ယူ ပို့ဆောင်သောဝန်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။ အကယ်၍mmEZshopမှစစ်ဆေးမှုတွင်ပါဝင်သောအချက်များအတွင်းမပါဝင်သောပြသနာများကိုမူ ရောင်းသူနှင့်ကိုယ်တိုင်ဆက်သွယ်၍တောင်းဆိုကြည့်နိုင်ပါသည်။ ကျေးဇူးပြု၍သတိပြုရန်မှာ ရောင်းသူမှပြောလာသော အခြေအနေအားလုံးကို mmEZshop မှဆောင်ရွက်ပေးနိုင်ပါသည်ဟု ကတိမပြုနိုင်ပါ။

 

စစ်ဆေးမှုတွင်ပါဝင်သောအချက်များ

  ထောင်းပေါင်သည် ကမ္ဘာအကြီးဆုံး C2C အွန်လိုင်းစတိုးဖြစ်ပါသည်။ အများအားဖြင့်ထောင်းပေါင်တွင်ရောင်းသူများမှာ တစ်ဦးချင်းစီဖြစ်ကြပြီး အချို့မှာ အပျော်တမ်းရောင်းခြင်းဖြစ်ကြသည်။ ရံဖန်ရံခါတွင်ရောင်းသူများမှ အရေအတွက်, အရွယ်အစား နှင့် ဒီဇိုင်းစသည်တို့ကိုမှားယွင်းပို့တတ်ကြပါသည်။ ထို့ကြောင့်ကျှန်ုပ်တို့၏အခြေခံ စစ်ဆေးမှုတွင် အရေအတွက်, အရောင်, အရွယ်အစား, ဒီဇိုင်း နှင့် သိသာထင်ရှားသောအမှားအယွင်းများ (အောက်တွင်သီးခြားကန့်သတ်ချက်များကိုကြည့်ရှုပါ).  ကျွန်ုပ်တို့အနေဖြင့် ပစ္စည်းများ၏အရည်အသွေး(လက်ရာ, ပစ္စည်း စသည်) စစ်မှန်မှု နှင့် လုပ်ဆောင်ချက်စွမ်းရည်နှင့်ဆိုင်သော ကိစ္စရပ်များကိုတော့စစ်ဆေးပေးနိုင်မည်မဟုတ်ပါ။ 

 

အောက်ဖော်ပြပါပစ္စည်းများမှာ စစ်ဆေးမှုတွင်မပါဝင်ပါ: 

- တံဆိပ်ရိုက်ပိတ်ထားသောပစ္စည်းများ/ အပြင်ဗူးခွံအလှဆင်၍ ပိတ်ထားသောပစ္စည်းများ

 - အခမဲ့ရသောလက်ဆောင်ပစ္စည်းများ (အရေအတွက်နှင့်ပစ္စည်း၏အရေအသွေး)

 - 2.5 စင်တီမီတာထက် သေးသောပစ္စည်းများ

 - ကိုယ်တိုင်တပ်ဆင်ရန်လိုအပ်သောပစ္စည်းများ (ဥပမာ .. ပရိဘောဂ, ပစ္စည်းအစိတ်အပိုင်းများ).

 - ပစ္စည်းတစ်ခုပေါ်တွင်တပ်ဆင်ထားသော Accessories ပစ္စည်းများ (ဥပမာ . ဖဲပြား, ဇာ , ဇစ် နှင့် ကြယ်သီး စသည်ဖြင့်).

 - Virtual ပစ္စည်းများ (ဥပမာ. အီလက်ထရောနစ်စာရွက်စာတမ်းများ, cd-keys passwords စသည်).

 

 ကန့်သတ်ချက်များ :

 

- အရေအတွက်: လူကြီးမင်းမှာယူသောပစ္စည်းအရေအတွက်နှင့်ကိုက်ညီမှုရှိမရှိကိုစစ်ဆေးပါမည်။ သို့သော် အရေအတွက်အရမ်းများသောအော်ဒါများ (၁၀၀ နှင့်အထက်ဝယ်ယူပါ) အရေအတွက်စစ်ဆေးမှုမှာ ၉၀% အထိတိကျမှန်ကန်မည်ဟုအာမခံပါသည်။


 - အရောင်အသွေး :  အရောင်များကို ယေဘူယျကျသောအရောင်နှင့်တိုင်းတာပြီး စစ်ဆေးပါမည်။ အရောင်ကွဲအမျိုးမျိုးဖြင့် ဆင်တူယိုးမှားဖြစ်နိုင်သောအရောင်များကိုမူ တစုံတရာမှားယွင်းပါကတာဝန်မယူပါ။


 - အရွယ်အစား : ပစ္စည်းပေါ်တွင် တံဆိပ်ကပ်ထားသော အရွယ်အစားအတိုင်းအတာအား လူကြီးမင်းမှာယူသောပစ္စည်းအရွယ်အစားနှင့်ချိန်ကိုက်၍စစ်ဆေးပါမည်။ အကယ်၍ တံဆိပ်မကပ်ထားပါက သို့ တစ်ခြားနည်းလမ်းတစ်မျိုးမျိုးဖြင့်တိုင်းတာပါက အရွယ်အစားမှန်ကန်သည်ဟုယူဆပါသည်။


 - ဒီဇိုင်: ဒီဇိုင်းကိုတော့မှာယူသော ရောင်းသူ၏စာမျက်နှာတွင်တင်ထားသောပုံနှင့်တိုက်ကြည့်စစ်ဆေးပါမည်။ သို့သော်, တစ်ချို့သောရောင်းသူတင်ထားသော ပုံများမှာရည်ညွှန်းပြသရန်အတွက်သာသုံးထားပါသည်။ သို့ပါ၍ ပုံတွင်မြင်ရသောပစ္စည်းမှာလက်တွေ့တွင်ကွဲလွဲနိုင်ပါသည်။

 

- မြင်သာ သိသာသော ချို့ယွင်းချက်များ : မြင်သာသိသာလွယ်သောချို့ယွင်းချက်များဖြစ်သော အစွန်းအထင်း, ခြစ်ရာများ, စုတ်ပြဲနေမှုများ, အပေါက်အပြဲများ, ပိန်လိန်ချိုင့်ဝင်နေမှုများ နှင့် အပျက်အစီးများမှာ လွယ်ကူစွာစစ်ဆေးနိုင်သောကြောင့် စစ်မှုတွင်ပါဝင်ပါသည်.. သို့သော် အရေအသွေးမကောင်းသောပစ္စည်းများ, သေးငယ်၍မြင်ရခဲသော ချို့ယွင်းချက်များမှာ ကျွန်ုပ်တို့၏ စစ်ဆေးမှုတွင်မပါဝင်ပါ။

 

- ထုတ်ပိုးပြင်ဆင်မှု: ထုတ်ပိုးမှုတွင်ဖြစ်ပွားသော ချို့ယွင်းမှုမှာ ကျွန်ုပ်တို့၏ ပြန်အမ်းရန် ပေါ်လစီတွင် အကြုံးမဝင်ပါ။ အကယ်၍ပစ္စည်းကိုတဆင့်ပြန်ရောင်းရန်ဖြစ်စေ သို့ လက်ဆောင်ပေးရန်ဖြစ်စေဝယ်ယူပါက အော်ဒါမှာချိန်တွင် အပိုအကာအကွယ်အလွှာထပ်ထည့်ပေးရန်တောင်းဆိုနိုင်ပါသည်။  အချို့ထုတ်ပိုးပစ္စည်းများ ဥပမာ ဖိနပ်ဗူး စသည်တို့ကိုလည်း ဖယ်ထုတ်ပြီးမှ ပို့ဆောင်ရန် အော်ဒါမှာစဉ်မှတ်ချက်ရေး၍ တောင်းဆိုခြင်းဖြင့် သယ်ယူပို့ဆောင်ခကြသင့်ငွေကိုလျော့ချနိုင်ပါသည်။

 

- ကွဲရှလွယ်သောပစ္စည်းများ : ပျက်စီးရန်အခြေအနေများသောကြောင့် ကျွန်ုပ်တို့၏ ပေါ်လစီတွင်အကြုံးမဝင်ပါ။ ရောင်းသူမှထုတ်ပိုးပေးလိုက်သော နဂိုမူလထုတ်ပိုးမှုကို ဖယ်ရှားမည်မဟုတ်ပါ။ အကယ်၍ပျက်စီးမှုကိုလျော့ချရန် အပိုကြေးပေးဆောင်ကာ အကာတစ်ထက်ထပ်၍တောင်းဆိုနိုင်ပါသည်။ ဥပမာ သစ်သားပုံး စသည်ဖြင့်

 

- အံဝင်ခွင်ကျမဖြစ်ခြင်း : ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းမှာယူသောပစ္စည်းမှာ လူကြီးမင်းအသုံးပြုလိုသောအခြေအနေနှင့်ကိုက်ညီမှုရှိမရှိ မည်သို့မျှမသိရှိနိုင်ပါ။ အချို့ပစ္စည်းများမှာ နိုင်ငံရပ်ခြားမှသွင်းသောကြောင့်မြန်မာပြည်နှင့်ကိုက်ညီမှုရှိမရှိ သေချာစွာစုံစမ်းပြီးမှသာ မှာယူသင့်ပါသည်။ ဥပမာ အချို့တယ်လီဖုန်းများမှာ တယ်လီဖုန်းအော်ပရေတာကွာခြားမှုကြောင့်သုံးစွဲ၍မရနိုင်ပါ။

 

တရုတ်ပြည်သို့ပစ္စည်းများပြန်ပို့ခြင်း

 ကျွန်ုပ်တို့၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော ဝယ်ယူသူများကိုယ်စား တရုတ်ပြည်သို့ပစ္စည်းပြန်ပို့ဆောင်သည့် ဝန်ဆောင်မှုကို သက်ဆိုင်ရာကျသင့်ငွေဖြင့် အသုံးပြုနိုင်ပါသည်။ အကယ်၍လူကြီးမင်းအနေဖြင့် ပစ္စည်းများကို ပြန်အမ်းငွေရရန် သို့ လဲလှယ်ရန် သို့ ပြင်ဆင်ရန် ရောင်းသူထံ သို့ပြန်လည်ပို့ဆောင်လိုပါက ကျွန်ုပ်တို့၏ ဝန်ဆောင်မှု ကို ကျသင့်ငွေအတိုင်းပေးချေ၍သော်လည်းကောင်း မိမိနှစ်သက်ရာ အခြားသောဝန်ဆောင်မှုများကို အသုံးပြု၍သော်လည်းကောင်းပြန်လည်ပို့ဆောင်နိုင်ပါသည်။ သို့ရာတွင် တရားမဝင်သော ပစ္စည်းများကိုတော့ ဝန်ဆောင်မှုပေးမည် မဟုတ်ပါ။