CORPORATE GIFT TERMS & CONDITIONS
mmEZshop ၏ Corporate ပစ္စည်းများနှင့် သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများနှင့် သတ်မှတ်ချက်များ
Quotation နှင့် Invoice : mmEZshop ၏ quotation များကို official viber ဖြစ်သော 09770888990 မှလည်းကောင်း ၊ Invoice များကို mmEZshop ၏ official email ဖြစ်သော admin@mmezshop.com မှသာ ပေးပို့မည်ဖြစ်ပါသည်။ Invoice များအားလုံးတွင်လည်း ကုမ္ပဏီတံဆိပ်တုံး ပါဝင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် ၊ official email မှ ပေးပို့ခြင်းမဟုတ်သော အချက်အလက်များအားလုံးသည် mmEZshop နှင့် လုံး၀(လုံး၀) မသက်ဆိုင်ပါ ၊ mmEZshop ၏ Logo တံဆိပ်နှင့် အချက်အလက်များအား လိမ်လည် သုံးစွဲသည်ကို သိရှိရပါက သက်ဆိုင်ရာတရားဥပဒေအရ ပြင်းထန်စွာ အရေးယူမည်ဖြစ်ပါသည်။
အရေအတွက်: လူကြီးမင်းမှာယူသောပစ္စည်းအရေအတွက်နှင့်ကိုက်ညီမှုရှိမရှိကိုစစ်ဆေးပါမည်။ အရေအတွက်ကိုက်ညီမှုမရှိပါက mmEZshop မှတာဝန်ယူပေးပါမည်။
အရောင်အသွေး : အရောင်များကို ယေဘူယျကျသောအရောင်နှင့်တိုင်းတာပြီး စစ်ဆေးပါမည်။ အရောင်ကွဲအမျိုးမျိုးဖြင့် ဆင်တူယိုးမှားဖြစ်နိုင်သောအရောင်များကိုမူ တစုံတရာမှားယွင်းပါကတာဝန်မယူပါ။
အရွယ်အစား : ပစ္စည်းပေါ်တွင် တံဆိပ်ကပ်ထားသော အရွယ်အစားအတိုင်းအတာအား လူကြီးမင်းမှာယူသောပစ္စည်းအရွယ်အစားနှင့်ချိန်ကိုက်၍စစ်ဆေးပါမည်။ အကယ်၍ တံဆိပ်မကပ်ထားပါက သို့ တစ်ခြားနည်းလမ်းတစ်မျိုးမျိုးဖြင့်တိုင်းတာပါက အရွယ်အစားမှန်ကန်သည်ဟုယူဆပါသည်။
မြင်သာ သိသာသော ချို့ယွင်းချက်များ : မြင်သာသိသာလွယ်သောချို့ယွင်းချက်များဖြစ်သော အစွန်းအထင်း, ခြစ်ရာများ, စုတ်ပြဲနေမှုများ, အပေါက်အပြဲများ, ပိန်လိန်ချိုင့်ဝင်နေမှုများ နှင့် အပျက်အစီးများမှာ လွယ်ကူစွာစစ်ဆေးနိုင်သောကြောင့် စစ်မှုတွင်ပါဝင်ပါသည်.. သို့သော် အရည်အသွေးမကောင်းသောပစ္စည်းများ၊ အနည်းငယ်မျှသော အရောင် လွဲမှားမှု၊ သေးငယ်လွန်းသော ထိခိုက်မှု ချို့ယွင်းချက်များမှာ ကျွန်ုပ်တို့၏ စစ်ဆေးမှုတွင်မပါဝင်ပါ။
ထုတ်ပိုးပြင်ဆင်မှု: ထုတ်ပိုးမှုတွင်ဖြစ်ပွားသော ချို့ယွင်းမှုမှာ ကျွန်ုပ်တို့၏ ပြန်အမ်းရန် ပေါ်လစီတွင် အကြုံးမဝင်ပါ။ အကယ်၍ပစ္စည်းကိုတဆင့်ပြန်ရောင်းရန်ဖြစ်စေ သို့ လက်ဆောင်ပေးရန်ဖြစ်စေဝယ်ယူပါက အော်ဒါမှာချိန်တွင်အပိုအကာအကွယ်အလွှာထပ်ထည့်ပေးရန်တောင်းဆိုနိုင်ပါသည်။ အချို့ထုတ်ပိုးပစ္စည်းများ ဥပမာ ဖိနပ်ဗူး စသည်တို့ကိုလည်း ဖယ်ထုတ်ပြီးမှ ပို့ဆောင်ရန် အော်ဒါမှာစဉ်မှတ်ချက်ရေး၍ တောင်းဆိုခြင်းဖြင့် သယ်ယူပို့ဆောင်ခကြသင့်ငွေကိုလျော့ချနိုင်ပါသည်။
ကွဲရှလွယ်သောပစ္စည်းများ : ပျက်စီးရန်အခြေအနေများသောကြောင့် ကျွန်ုပ်တို့၏ ပေါ်လစီတွင်အကြုံးမဝင်ပါ။ ရောင်းသူမှထုတ်ပိုးပေးလိုက်သော နဂိုမူလထုတ်ပိုးမှုကို ဖယ်ရှားမည်မဟုတ်ပါ။ အကယ်၍ပျက်စီးမှုကိုလျော့ချရန် အပိုကြေးပေးဆောင်ကာ အကာတစ်ထက်ထပ်၍တောင်းဆိုနိုင်ပါသည်။ ဥပမာ သစ်သားပုံး စသည်ဖြင့်
အံဝင်ခွင်ကျမဖြစ်ခြင်း : ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းမှာယူသောပစ္စည်းမှာ လူကြီးမင်းအသုံးပြုလိုသောအခြေအနေနှင့်ကိုက်ညီမှုရှိမရှိ မည်သို့မျှမသိရှိနိုင်ပါ။ အချို့ပစ္စည်းများမှာ နိုင်ငံရပ်ခြားမှသွင်းသောကြောင့်မြန်မာပြည်နှင့်ကိုက်ညီမှုရှိမရှိ သေချာစွာစုံစမ်းပြီးမှသာ မှာယူသင့်ပါသည်။ ဥပမာ အချို့တယ်လီဖုန်းများမှာ တယ်လီဖုန်းအော်ပရေတာကွာခြားမှုကြောင့်သုံးစွဲ၍မရနိုင်ပါ။
ဆောင်ရွက်ပေးမှု : ပစ္စည်းလက်ခံရရှိပြီး အဆင်မပြေမှု တစ်စုံတစ်ရာ ဖြစ်ခဲ့ပါက 3 ရက်အတွင်း ပြန်ပြောပေးရမည်၊ ပစ္စည်းရောက်ရှိသည့်အခါ အပျက်အစီး တစ်စုံတစ်ရာ ရှိခဲ့ပါက ရောင်းသူနှင့်ဝယ်ယူသူ အကြား ညှိနှိုင်းဆောင်ရွက်ပေးသည့် အချက်အလက်များနှင့် ကြာချိန်အား လက်ခံသဘောတူညီရမည်။
တရုတ်ပြည်သို့ပစ္စည်းများပြန်ပို့ခြင်း
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော ဝယ်ယူသူများကိုယ်စား တရုတ်ပြည်သို့ပစ္စည်းပြန်ပို့ဆောင်သည့် ဝန်ဆောင်မှုကို သက်ဆိုင်ရာကျသင့်ငွေဖြင့် အသုံးပြုနိုင်ပါသည်။ အကယ်၍လူကြီးမင်းအနေဖြင့် ပစ္စည်းများကို ပြန်အမ်းငွေရရန် သို့ လဲလှယ်ရန် သို့ ပြင်ဆင်ရန် ရောင်းသူထံ သို့ပြန်လည်ပို့ဆောင်လိုပါက ကျွန်ုပ်တို့၏ ဝန်ဆောင်မှု ကို ကျသင့်ငွေအတိုင်းပေးချေ၍သော်လည်းကောင်း မိမိနှစ်သက်ရာ အခြားသောဝန်ဆောင်မှုများကို အသုံးပြု၍သော်လည်းကောင်းပြန်လည်ပို့ဆောင်နိုင်ပါသည်။ သို့ရာတွင် တရားမဝင်သော ပစ္စည်းများကိုတော့ ဝန်ဆောင်မှုပေးမည် မဟုတ်ပါ။
- လိုအပ်သော စည်းမျဉ်းစည်းကမ်းများအား mmEZshop မှ မည့်သည့်လုပ်ဆောင်မှုမျိုးမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီးအချိန်မရွေး ပြောင်းလဲပြင်ဆင်ခွင့့််ရှိသည်။