Menu
Menu
Your Cart

သယ်ယူပို့ဆောင်ခ အချက်အလက်များ

mmEZshop တွင်ဝယ်ယူမှုတွင် ငွေပေးချေမှု ၂ ကြိမ်ပြုလုပ်ရပါမည်။


ပစ္စည်းများ၏အလေးချိန်ကို ရန်ကုန်ရုံးသို့ရောက်ချိန်မှသာ အတိအကျသိနိုင်သောကြောင့် ပြည်ပသယ်ယူပို့ဆောင်ခကို ပို့ဆောင်ပြီးမှကောက်ယူခြင်းဖြစ်ပါသည်။


ပထမငွေချေရာတွင် = ပစ္စည်း၏တန်ဖိုး+အခြားနိုင်ငံများ၏ပြည်တွင်းပို့ဆောင်ခ (အများအားဖြင့်ရောင်းသူမှပေးချေပေးပါသည်) + ဝန်ဆောင်ခ

ဈေးဝယ်လှည်းမှထွက်ချိန်တွင်ပေးဆောင်ရပါမည်။


ဒုတိယငွေချေရာတွင် = ပြည်ပမှသယ်ယူပို့ဆောင်ခ + ရန်ကုန်မြို့တွင်းအိမ်တိုင်ရာရောက်ပစ္စည်းပို့ဆောင်ခ (ကိုယ်တိုင်လာထုတ်ယူလျှင်ပေးရန်မလိုပါ)

ပစ္စည်းလာပို့ချိန်တွင်ပေးဆောင်ရပါမည်။


သယ်ယူပို့ဆောင်ခနှင့်ကြာချိန်

တရုတ်ပြည်မှ သယ်ယူပို့ဆောင်ခကျသင့်ငွေမှာ ၁ကီလိုဂရမ်တိုင်းမှာ ပုံမှန်ပစ္စည်း - ကျပ် နှင့် ကွယ်ရှလွယ်သောသယ်ယူရခက်ခဲသောပစ္စည်းများ - ကျပ် ကျသင့်ပါသည်။ ပစ္စည်းများ၏ ရန်ကုန်ရုံးသို့ ရောက်ရှိစဥ် ထုတ်ပိုးထားသော packaging ၏ အလေးချိန်နှင့် size အတိုင်းအတာတွင်မူတည်၍ ပစ္စည်းများ၏ kg ကို (volume matrix weight) ဖြင့်တွက်ချက်ပါမည်။ လက်ရှိအချိန်တွင်ကြာချိန်မှာ အနည်းဆုံး၁လ ဖြစ်ပါသည်။

(သယ်ယူပို့ဆောင်ခအပြောင်းအလဲများကြောင့် ကျေးဇူးပြု၍ သယ်ယူပို့ဆောင်ခကိုအော်ဒါမတင်ခင် မေးမြန်းစုံစမ်းပေးပါရှင်..)


သတိပြုရန်မှာ

* ပြည်ပသယ်ယူပို့ဆောင်ခမှာ ၁ကီလိုဂရမ် အနည်းဆုံးစပြီး တွက်ချက်ပါသည်။ ဥပမာ ၇၀၀ ဂရမ်လေးသောပစ္စည်းကို ၁ကီလိုဂရမ်အဖြစ်သတ်မှတ်ပါသည်။ 

* အလုပ်လုပ်ရက်များတွင် စနေ တနင်္ဂနွေ နှင့် မြန်မာ သို့ ပြည်ပဝယ်ယူပေးသောနိုင်ငံ၏အစိုးရရုံးပိတ်ရက်များမပါဝင်ပါ။ 

* ဖော်ပြထားသောကြာချိန်များတွင် ပစ္စည်းဝယ်ယူပြီး သက်ဆိုင်ရာနိုင်ငံ၏ဂိုဒေါင်သို့ရောင်းသူများထံမှ ပစ္စည်းရောက်ရှိချိန်မပါဝင်ပါ။ 



 ရန်ကုန်မြို့တွင်းအိမ်တိုင်ရာရောက်ပစ္စည်းပို့ဆောင်ခ Delivery ခ (ကိုယ်တိုင်လာထုတ်ယူလျှင်ပေးရန်မလိုပါ)

ကျွန်ုပ်တို့ နှင့်လက်တွဲလုပ်ဆောင်နေသော Delivery company ၏ ကောက်ယူသောနှုန်းထားအတိုင်းသာ အတိအကျကောက်ယူပါသည်။ သို့ရာတွင် မူလသတ်မှတ် အလေးချိန် သို့/နှင့် အတိုင်းအတာထက်ပိုများသောပစ္စည်းအတွက် ထပ်တိုးကောက်ယူမှုများတွက်ချက်ရာတွင် 95% မှာတူညီပါသည်။ သို့သော်လည်း တခါတရံတွင် mmEZshop မှာ Delivery ဘက်မှပေးထားသောအတိုင်းအဆများအတိုင်း အတိအကျလိုက်နာတွက်ချက်ပါသော်လည်း Delivery company မှ တွက်ချက်မှုမှာ အမှားအယွင်းတစုံတရာဖြစ်ပွား၍မတူညီမှုများရှိပါက mmEZshop မှ customer များထံဆက်သွယ်၍ဖြစ်စေ၊ Customer များမှ mmEZshop ကိုဆက်သွယ်၍ဖြစ်စေ အကြောင်းကြားလာပါကပွင့်လင်းမြင်သာစွာပြန်လည်ဖြေရှင်းပေးပါမည်။  

Volumetric Weight ဆိုတာဘာလည်း?

Volumetric weight သည် ပစ္စည်းထုတ်တစ်ခု၏ အလျား၊ အနံနှင့် အမြင့်ပေါ်မူတည်၍ နေရာမည်မျှယူသည်ကို တိုင်းတာခြင်းဖြစ်သည်။ အလေးချိန်အားဖြင့် ကီလိုဂရမ်သို့ ပြောင်းလဲသည်။


ဘာလို့ Volumetric weight ကိုဘယ်လိုတွက်ချက်ပါသလည်း?

ပစ္စည်းတစ်ခုသည် အရွယ်အစားပိုကြီးလေ၊ ယာဉ်ပေါ်တွင် နေရာပိုယူလေလေဖြစ်သောကြောင့် ပို့ခပိုကုန်ကျပါသည်။ ပစ္စည်းတစ်ခုသည် အလေးချိန်အားဖြင့်ပေါ့သော်လည်း ကြီးမားပါက ကုန်ကျစရိတ်သည် ၎င်း၏အလေးချိန်မဟုတ်ဘဲ ပစ္စည်းတင်ဆောင်ရာတွင် ထိုပစ္စည်း၏အရွယ်အစားပေါ်မူတည်၍ ကျသင့်မည်ဖြစ်သည်။


ပုံတွင်ပြထားသကဲ့သို့ ပိုကြီးသောသေတ္တာများသည် ယာဉ်များတွင် နေရာပိုယူပါသည်။


Volumetric weight ကိုမည်သို့တွက်ချက်သနည်း

မတူညီသော ပို့ဆောင်ရေးကုမ္ပဏီများသည် မတူညီသောနည်းလမ်းများကို အသုံးပြုကြသည်၊ သို့သော် အသုံးအများဆုံးတွက်ချက်နည်းတစ်ခုမှာ ပါဆယ်ထုပ်၏အတိုင်းအတာသုံးခု(အလျားxအနံxအမြင့်)ကို စင်တီမီတာဖြင့် မြှောက်ကာ 5000 သို့ 6000 ဖြင့် စားခြင်းဖြစ်သည်။ mmEZshop တွင် 6000 ဖြင့်စားပါသည်။





ပြည်ပမှသယ်ယူပို့ဆောင်ခကို Volume Metric သို့ ပကတိအလေးချိန် အသုံးပြုပြီးတွက်ချက်ပုံ

order ပစ္စည်းထုတ်တစ်ခု၏ ပြည်ပမှသယ်ယူပို့ဆောင်ခ အလေးချိန်ကို တွက်ချက်နည်းမှာ ပါဆယ်ထုပ်၏ ပကတိအလေးချိန်ကို ပါဆယ်ထုပ်၏ထုထည်အလေးချိန် (Volume Metric) နှင့် နှိုင်းယှဉ်ပြီး ပိုကြီးသည့်အလေးချိန်ကို ပို့ဆောင်ခအဖြစ်သတ်မှတ်သည်။